ညောင်လေးပင် မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် စားအုန်းဆီ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ ညောင်လေးပင်ခရိုင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ညောင်လေးပင်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ၊ လက်ကားရောင်းချသူများအနေဖြင့် အများပြည်သူတို့ ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း Vinyl ချိတ်ဆွဲရောင်းချမှု ရှိ/မရှိ၊ အရေအတွက်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ညောင်လေးပင်မြို့နယ်အတွက် တစ်လလျှင် စားအုန်းဆီ (၇၈၅)ပေပါ ရရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအိမ်ထောင်စုများသို့ လက်လီ၊ လက်ကားကိုယ်စားလှယ်(၂၀)ဦးဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် သာသနာရေးကိစ္စရပ်များအတွက်လည်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)