နာဂဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရက်(၁၀၀) စီမံကိန်းလုပ်ငန်းဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ရေးဆွဲနည်း၊ (AVIP) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နန်းယွန်း မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ ရက် (၁၀၀) စီမံကိန်း (VDP) ရေးဆွဲနည်း၊ (AVIP) သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ (၁၂) ရက်နေ့ မွန်းလွှဲပိုင်း ၂  နာရီက ရောကော့ ရပ်ကွက်၊ နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌ယောအေးလှက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် နန်းယွန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းရေးဆွဲနည်း၊ AVIP သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်နှင့် စပ်လျဉ်းသည့် အကြောင်း အရာများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းရန်ပုံငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှု၏အရေးပါပုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  နန်းယွန်းမြို့နယ်တိုင်း‌ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနောက်တွန်းကလည်းကောင်း ဒုတိယမြို့နယ်အုပ်ရေးမှူး ဦးဘာမန်ကလည်းကောင်း ပေါင်းစပ် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုတို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက် ၁၀၀ စီမံကိန် (VDP) ရေးဆွဲနည်းသင်တန်းကို ဟာဝါးအထက်ရွာ၊ ကြိုင်ရိုင်ကျေးရွာမှ သင်တန်းသူ/ သင်တန်းသား စုစုပေါင်း (၆) ဦးတို့အား သင်တန်းကာလ မေလ (၁၂) ရက်နေ့မှ (၁၄) ရက်ထိ သုံးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို နန်းယွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယောအေးလှ၊ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနောက်တွန်း၊ ဒုတိယမြို့နယ်အာပ်ချုပ်ရေးမှူး ဦးဘာမန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခေါင်းပေါ့နှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)