ဟင်္သာတမြို့နယ်တွင် ၂ဝ၂၆ ခုနှစ် ၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲနှင့် သီးနှံအာမခံအကြောင်း ရှင်းလင်းပြောကြားခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲနှင့်သီးနှံအာမခံအကြောင်း ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ညိုမာမြင့်က ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်း၊ ခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်က တောင်သူများ သီးနှံအာမခံထားရှိရေးကိစ္စနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်းက လယ်ယာဖွံ့ဖြိုးရေးကဏ္ဍနှင့် ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့ကွင်းကျေးရွာအုပ်စုမှ တောင်သူများကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူဦးဌေးကြိုင်သို့ ပေးအပ်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက တောင်သူဦးတင်မိုးဦးသို့ ပေးအပ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးဟန်က တောင်သူ ဦးသန်းထွန်းအောင်သို့ ပေးအပ်ခြင်း၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူ ဦးဇော်မင်းအောင်သို့ ပေးအပ်ခြင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါညိုမာမြင့်က ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူဦးသန်းဆွေသို့ ပေးအပ်ခြင်း၊ မြန်မာ့အာမခံလုပ်ငန်း ၊ခရိုင်တာဝန်ခံ ဦးဝင်းဌေးမောင်က ၂၀၂၆ ခုနှစ်၊ စိုက်ပျိုးစရိတ်ချေးငွေအား တောင်သူဦးဗိုလ်မြင့်ထံသို့ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)