နာဂ‌ဒေသ လေရှီးမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

လေရှီး မေ ၄

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ကြီးမှူးဖွင့်လှစ်သော အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လေရှီးမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က သင်တန်းဖွင့်အမှားစကားပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်‌မွေးပညာသင်တန်းကျောင်းမှ ဒုကျောင်းအုပ် ဒေါ်ဝင်းလဲ့ရည်က သင်တန်းဖွင့်လှစ်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီး‌မြောက်ခဲ့သည်။

အခမ်းအနားအပြီးတွင် သင်တန်းသုံးသင်ထောက်ကူပစ္စည်းများနှင့် သင်ခန်းစာနမူနာလက်ရာများ ခင်းကျင်းထားမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဧည့်ပရိတ်သတ်များအားစာသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲကြသည်။

အဆိုပါအခမ်းအနားသို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်းစားလှယ် ဒေါ်စန်းစီးရှီး၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်က‌လေး အသင်းဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသူများစုစုပေါင်း အင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့သည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လေရှီး) အနေဖြင့် အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ် (၁) မှ သင်တန်းအမှတ်စဉ် (၄၀) အထိ သင်တန်းသူ (၉၄၅) ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၁) မှ သင်တန်းအမှတ်စဉ် (၂၆) အထိ သင်တန်းသူ (၂၄၄) ဦး၊ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁) မှအမှတ်စဉ် (၇) အထိ သင်တန်းသူ (၁၅၈) ဦး၊ သိုးမွေးစက်ဆွဲသင်တန်း အမှတ်စဉ် (၁) မှ သင်တန်းအမှတ်စဉ် (၃) အထိ သင်တန်းသူ (၁၁) ဦး၊ ကြိမ်/ဝါးသင်တန်း အမှတ်စဉ် (၁) တွင် သင်တန်းသူ (၈) ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ် (၁) မှ သင်တန်းအမှတ်စဉ် (၆) အထိ သင်တန်းသူ (၂၀) ဦး၊ စုစုပေါင်းသင်တန်းသူ (၁၃၈၆) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၇) တွင် သင်တန်းသူ (၂၀) ဦးအား (၄-၅-၂၀၂၆) ရက်မှ (၂-၁၀-၂၀၂၆) ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လေရှီး

မြို့နယ် (ပြန်/ဆက်)