မြောင်းမြ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဝတ်မှုန်ကူးသည့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပျားဝတ်မှုန်ကူးခြင်းနှင့် ပျားမွေးမြူရေးဆိုင်ရာ အသိပညာများရရှိစေရန် ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို မေလ (၁၄) ရက်နေ့နံနက် (၁၀း၃၀) နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က သင်တန်းသားများအား အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၃)ဦးတို့က သင်တန်းသား တောင်သူ (၂၀) ဦးတို့အား မေလ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၂) ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)