ပန်းတောင်းမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် KG မှ Grade-11 ထိ အောင်စာရင်းများ ကပ်ထားကြေညာ

ပန်းတောင်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် သင်ရိုးသစ် သူငယ်တန်း (KG) မှ Grade-11 အထိ နှစ်ဆုံးစစ်ဆေးမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးလျက်ရှိသည်။

ထိုသို့ အောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ ကြည့်ရှုနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများက စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားလျက်ရှိရာသည်။ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစစ်ဆေးမှုရလဒ်များကို ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြရာ အောင်မြင်သူစာရင်းတွင် ပါဝင်သူများအား ဆရာ၊ ဆရာမများက နောက်တစ်ဆင့်တက်လှမ်းရမည့် အတန်းများအတွက် လိုအပ်သည့်လမ်းညွှန်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုသီတင်းပတ်ကိုလည်း မကြာမီကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လပြည့်လင်း (ပြန်/ဆက်)