ကန့်ဘလူ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ကန့်ဘလူဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေ ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်တိုင်းရင်းဆေးကုသဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမိုးနိုင်နှင့် ဆရာမများက ဘိုးဘွားများအား စမ်းသပ်စစ်ဆေးပြီး ထုံကျင်၊ ကိုက်ခဲနာကျင်၊ အကြောတင်၊ ဒူးနာ၊ ချောင်းဆိုး၊ ဆီးရောဂါခံစားနေရသော ဝေဒနာရှင် ၁၂ ဦးတို့ကို ကုသပေးနိုင်ခဲ့ကြောင်းနှင့် အပူဒဏ်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကိုလည်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆေးဝါးကုသပေးမှုကို အနည်းဆုံးတစ်လလျှင်တစ်ကြိမ်ခန့် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဦးမိုးနိုင်က ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)