ရွှေတောင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး လှည့်လည်ဆော်သြ

ရွှေတောင် ဇန်နဝါရီ ၁၈

‌ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ည (၆)နာရီအချိန်မှ စတင်၍ ရွှေတောင် မြို့နယ် မြို့ပေါ်ရပ်ကွက်များသို့ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် မီးဘေးလုံခြုံရေးအတွက် လှည့်လည်ဆော်သြ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးအတွက် လှည့်လည်ဆော်သြရာတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးစောလွင် ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၄)ဦးတို့ ပါဝင်ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြရောက် လာပါက မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဖုန်း ၀၅၃-၅၅၁၉၁ သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)