မြဝတီ မေ ၁၂
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ် (၂)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းတွင် ယနေ့နံနက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပရာ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်းချင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းနောင်တို့က နှုတ်ခွန်းဆက်အမှာစကားကို ပြောကြားခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)