ကမမောင်းမြို့၌ ကရင်ပြည်နယ်လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

ကမမောင်း မေ ၁၂

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လျှစ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/ မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က အမှာစကားပြောကြားပြီး ဖာပွန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ထွန်းတို့က မိတ်ဆက်ခြင်းနှင့်လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများမှ ဌာန၏လိုအပ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုတို့အား ဆွေးနွေးတင်ပြကြရာ လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဌာနဆိုင်ရာများမှတင်ပြကြသည့် လိုအပ်ချက်များကို ပြည်နယ်အစိုးရထံတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ကမမောင်း(ပြန်/ဆက်)