အုတ်တွင်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅) နှစ်အထက် သက်ကြီး အဘိုး အဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးလမ်းရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပဲခူးလမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် ရပ်မိရပ်ဖ များမှ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် အတွက် ရည်ရွယ်၍ ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် အဘိုး(၆)ဦး၊ အဘွား(၁၁)ဦး၊ စုစုပေါင်း ငွေကျပ်(၅၁၀၀၀၀)ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အပြင် ကိုဗစ်-၁၉ ကာလအတွင်း အသက် (၁၀၀) နှစ်အထက် အဘိုးအဘွားများအတွက် တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်း ဖြင့် နိုင်ငံတော်မှ ထပ်ဆောင်း ထောက်ပံ့ ပေးခဲ့ကြောင်း၊ လူမှုရေးပင်စင်ရရှိသူပေါင်း (၉၄၃)ရှိပြီး ယင်းအဘိုးအဘွားများထဲမှ အသက်(၁၀၀)နှစ်အထက် အဘိုးအဘွား(၁၂)ဦး ပါဝင်ကြောင်း ခရိုင်လူမှု ဝန်ထမ်းရုံးမှ သိရသည်။
ခင်မာ(ပြန်/ဆက်)