ဇီးကုန်းမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်သုံးဦးအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ဇီးကုန်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြပြီး ဇီးကုန်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်သုံးဦးအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဌေး၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ပန်းကုံး၊ ပန်းစည်းများနှင့် ဂုဏ်ပြုဆုငွေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မထက်ရည်မွန် GRADE-9,10,12 (သုံးကြိမ်)၊ မဆုမြတ်ရတနာ GRADE 9,10,11(သုံးထပ်ကွမ်း)၊ မောင်ချမ်းမြေ့အောင် GRADE 9,10(နှစ်ထပ်ကွမ်း) လူရည်ချွန်မောင်မယ်များရရှိခဲ့ပြီး လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့၍ ပြန်လည်ရောက်ရှိလာရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်မိဘပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)