ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ပန်းတောင်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ပန်းတောင်းမြို့နယ် စီမံကိန်းဦးစီးဌာနမှူး ဒေါ်ခင်မိမိက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြသည်။

ဆက်လက်၍ စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

​လပြည့်လင်း(ပြန်/ဆက်)