ဖောင်းပြင် မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က ပင်သာကျေးရွာအုပ်စု၊ ပင်သာကျေးရွာ၊ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းက ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့်အခြေအနေများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားကာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်က ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အခြားလိုအပ်ချက်များနှင့်ပက်သက်၍လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးအမှာစကားများပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးချစ်၀င်းက စိုက်ပျိုးရေးဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးအောင်ကျော်ဝင်းက စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပေးနေသည့် အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းက လယ်ယာမြေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က အသိပညာဗဟုသုတရရှိရေး စာပေဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာ၏လိုအပ်ချက်များကို တင်ပြကြရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက်အသီးသီးပြန်ဆွေးနွေးပေးခဲ့ကြကဆွေးနွေးပွဲအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကထုတ်ဝေသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲကြသည်။
ဆက်လက်ပြီးအမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာဝာာဝန်ရှိသူများသည်ကျေးရွာမှကိုယ့်အား ကိုယ်ကိုးကျေးလက်ဆေးပေးခန်းဆောက်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)