ထန်းတပင် မေ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စည်ကမ်းသတ်မှတ်ချက်များနှင့် သတ်မှတ်သည့်ကာလအတွင်း အကျေပြန်ဆပ်ကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ချေးငွေပြေကျေသည့် တောင်သူများအား တစ်ဧကလျှင် ကျပ် သုံးသိန်းနှုန်းဖြင့် အောင်ချမ်းသာရပ်ကွက်နှင့် သီရိဟေမာရပ်ကွက်ရှိ တောင်သူ (၆၆) ဦး၏ မိုးစပါး (၃၅၅) ဧကအတွက် ချေးငွေ (၁၀၆၅) သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)