ဖောင်းပြင်မြို့၌ မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်

ဖောင်းပြင် မေ ၈

ဖောင်းပြင်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရပ်ကွက်အတွင်းလှည့်လည်၍ မီးဖိုချောင်သုံးအမှိုက်များ လိုက်လံသိမ်းဆည်းခြင်း၊ လမ်းဘေးဝဲယာမှ သစ်ပင်သစ်ကိုင်းများနင့် အမှိုက်များစနစ်တကျ သိမ်းဆည်းခြင်း၊ ရေမြောင်းများ ဆည်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ မြို့မစည်ပင်သာယာဈေးတိုက်တန်း၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းဆည်ယူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မြို့စည်ပင်သာရေးလုပ်ငန်းများဖြစ်သည့် မြို့တွင်းလမ်းများကောင်းမွန်ရေး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ သန့်ရှင်းသာယာလှပရေး အမှိုက်များသိမ်းဆည်းခြင်းနှင့် ရေမြောင်းတူးဖော်ဆည်ယူရေးလုပ်ငန်းများ၊ လူအများအပမ်းဖြေနေနိုင်ရေး ပန်းခြံများ ပြုပြင်ခြင်းလုပ်ငန်းများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)