ရှင်ဗွေယန် မေ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနိုင်းခရိုင်ဦးစီးမှူးရုံးမှ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ ရပ်ကွက်/ကျေးရွာများရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများ နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနိုင်းခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွန်း၊ တနိုင်းမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးခင်မောင်မြင့် ဦးဆောင်သောအဖွဲ့က ရှင်ဗွေယန်မြို့ရှိ ရပ်ကွက်/ကျေးရွာများအလိုက် နိုင်ငံသားစိစစ်ရေးကပ်ပြား ပျောက်ဆုံး/ပျက်စီးခြင်း၊ အသစ်ပြုလုပ်မည့်သူများနှင့် လှဲလှယ်မည့်သူ ဦးရေ စုစုပေါင်း (၂၉၈) ဦးတို့အား နေ့ချင်းအပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ရှင်ဗွေယန် (ပြန်/ဆက်)