ကျုံပျော် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပြန်လည် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ရာ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်မှ စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်သည့် အဖွဲ့အသီးသီးက ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းကာ သတ်မှတ်နေရာများတွင် အိမ်ထောင်စု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး၊ ရပ်မိရပ်ဖ(၅)ဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
ရွေးချယ်ခြင်းခံရသော ကြီးကြပ်ရေးအဖွဲ့မှ ဆယ်အိမ်စု ရာအိမ်စုများ စုဖွဲ့ခြင်း၊ ဆယ်အိမ်မှူး ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ခြင်းလုပ်ငန်းစဉ်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခန့်အပ်သွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)