ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာရှိ မြေပဲသီးနှံစိုက်ခင်းတွင် ဂျစ်ပဆန်(ကျောက်မှုန့်)မြေဩဇာထည့်ခြင်း လက်တွေ့သရုပ်ပြ

ပိုင်ကျုံ      ဇန်နဝါရီ    ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာ တောင်သူဦးခင်သိန်း၏ အောင်မြင်ဖြစ်ထွန်း လျက်ရှိသော မြေပဲသီးနှံစိုက်ခင်းတွင် ပိုင်ကျုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မွန်နှင့် ၀န်ထမ်းများသည် ယမန်နေ့က ဂျစ်ပဆန် (ကျောက်မှုန့်)မြေဩဇာထည့်ခြင်း လက်တွေ့သရုပ်ပြခဲ့ကြောင်း  သိရသည်။

အဆိုပါ ဆောင်းသီးနှံ မြေပဲစိုက်ခင်းသည် ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာမှ တောင်သူဦးခင်သိန်းက (၅)ဧက စိုက်ပျိုးထားခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မွန်နှင့် ၀န်ထမ်းများက မြေပဲသီးနှံများ အပင်အားသန်ပြီး ပိုမိုအထွက်တိုးစေရန် ဂျစ်ပဆန် (ကျောက်မှုန့်)မြေဩဇာထည့် နည်းများလက်တွေ့ သရုပ်ပြခြင်းဖြစ်ရာ ဒေသခံတောင်သူများအနေဖြင့် ပိုမိုအဆင့်မြင့်သော မြေပဲစိုက်ပျိုးနည်းစနစ်များ အသုံး ပြုနိုင်ရန်၊ ဆောင်းသီးနှံဖြစ်သည့် မြေပဲများအားစျေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် စျေးကောင်း ရရှိစေရေးနှင့် မျိုးသန့်မျိုးမှန် ရရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပိုးမွှားများကျရောက်မှု မရှိစေရေး အတွက် ထိန်းသိမ်နည်းစနစ်များ အား မှာကြားခဲ့ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)