ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကျင်းပ

ညောင်လေးပင် မေ ၁၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းနာယက ဆရာ(ဒေါက်တာမြင့်သန်း-ညောင်လေးပင်)က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးစိုးဝင်း (မောင်စုမြင်-ညောင်လေးပင်)က အမှုဆောင်ကော်မတီအသစ်ရွေးချယ်ခြင်း၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအကြာင်းတို့နှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ညောင်လေးပင်မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား စာရေးဆရာအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)နှင့် စာရေးဆရာအတွင်းရေးမှူး ဦးဟိန်းထက်အောင်(ညောာင်လေးပင်)တို့မှ မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အသစ်ရွေးချယ်ခြင်းနှင့် ညီလာခံကိုယ်စားလှယ်(၂)ဦး ရွေးချယ်ခြင်းတို့နှင့်ပတ်သက်သည့် စည်းမျဥ်းစည်းကမ်းများအား ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ ညီလာခံကိုယ်စားလှယ်(၂)ဦး ဆရာဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)နှင့် ဦးဟိန်းထက်အောင်(ညောင်လေးပင်)တို့မှ မြို့နယ်စာရေးဆရာအသင်း အမှူဆောင်အသစ်ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပြီး မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌအသစ် ဆရာဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)