ပိုင်ကျုံမြို့နယ်ခွဲ၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ကွမ်ဖော်ကျေးရွာ ကွန်ကရစ်လမ်းဖွင်ပွဲအခမ်းအနား ကျင်းပ

လှိုင်းဘွဲ               ဇန်နဝါရီ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ပိုင်ကျုံမြို့နယ်ခွဲ ၊ဒေါ်လန်းကျေးရွာ အုပ်စု ကွမ်ဖော်ကျေးရွာရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာ ကွန်ကရစ်လမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းဖွင့်ပွဲ အခမ်းအနားတွင်  ဒေါ်လန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဦး၊ ကွမ်ဖော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလေးနှင် လူထုဗဟိုပြုစီမံကိန်း၊ နည်းပညာအကြံပေးအဖွဲ့ ဒေါ်လေးနွယ်တို့မှ အဖွင့်အမှာ စကား အသီးသီး ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ကွမ်ဖော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်လေး၊ လူထုဗဟိုပြုစီမံကိန်း အထောက်အကူပြုကော်မတီဥက္ကဋ္ဌ  နှင ့်စီမံကိန်းနည်းပညာ အကြံပေးအဖွဲ့ ဒေါ်လေးနွယ် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသည် လူထုဗဟိုပြု စီမံကိန်းမှထောက်ပံ့ငွေ (၂၆,၁၆၀,၀၀၀)ကျပ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၁,၀၀၀,၀၀၀)ကျပ်တို့ဖြင့် လမ်း(အရှည် ၁၉၀၀ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၆လက်မ) လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး၊လူထုစည်းရုံးရေးမှူး တို့၏ အနီးကပ် ကြီးကြပ်မှု၊ ကျေးရွာသူ/ကျေးရွာ သားတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကွန်ကရစ်လမ်း အောင်မြင်စွာပြီးမြောက်ခဲ့ခြင်း ကြောင့် ကွမ်ဖော်ကျေးရွာမှ အိမ်ထောင်စု ၂၃၅စု၊ လူဦးရေ ၁၄၈၂ဦးတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုသည့် အပြင်  လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်းသိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)