မီးဘေးသင့်ပြည်သူများအား ထောက်ပံ ပစ္စည်းများပေးအပ်

ကော့သောင်း၊ ဇန်နဝါရီ ၁၇

ကော့သောင်းမြို့၊ ရွေပြည်သာရပ်ကွက်မှ မီးဘေးသင့်ခဲ့သည့် မိသားစုများအား ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ မှ  ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများသွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့မှုတွင် မီးဘေးသင့်ခဲ့သည့် မိသားစု()စုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း တကိုယ်ရေသုံးပစ္စည်း(၁၁)မျိုးနှင့် ()မျိုးပါအထုတ် တစ်ထုတ်စီ၊ ကိုရီးယားဆန် တအိမ်ထောင် လျှင်()အိတ်စီ နှင့် ဆီ တစ်လီတာဘူး တအိမ်ထောင် ()ဘူးစီ နှင့် ကော့သောင်း ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်မျိုးကို တို့က စောင်၊ခြင်ထောင်၊မျက်နှာသုတ်ပုဝါ၊ ဖျာ၊အိုးခွက်ပန်းကန် စသည့် ပစ္စည်း (၁၆)မျိုးပါ တပုံးစီကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မီးလောင်ကျွမ်းခဲ့ရသည့် နေရာအား ကြည့်ရှုကာ အိုးအိမ်များ ပြန်လည် ထူထောင် နိုင်ရေး လိုအပ်သည်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

အဆိုပါမီးဘေးသင့်မိသားစုများမှာ ဇန်နဝါရီလ၁၅ရက်နေ့ နံနက်ပိုင်းက ဂက်(စ်)အိုးများ တင်ဆောင်လာသည့်မော်တော်ယာဉ်တစ်စီး ကော့သောင်း မြို့၊ ရွေပြည်သာရပ်ကွက်တွင် တိမ်းမှောက်မီးလောင်မှုကြောင့် အိုးအိမ်များမီးဘေးသင့်ခဲ့ကြရသည့် မိသားစုများဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)