ပြည်မြို့နယ်အတွင်း အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁၀) (ပြည်စခန်း) မှ သင်တန်းသား၊ သင်တန်းသူများ ကွင်းဆင်းလေ့လာ

ပြည် မေ ၁၁

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၌ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ပြည်)နှင့် မှော်ဘီလေတပ်စခန်းတို့ပူးပေါင်း၍ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁၀) (ပြည်စခန်း) ကို ၂၇-၄-၂၀၂၆ မှ ၂၉ -၅ -၂ဝ၂၆ ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁၀) (ပြည်စခန်း)မှ သင်တန်းသား၊ သင်တန်းသူ (၅၄) ဦးတို့သည် ယမန်နေ့နံနက်ပိုင်းက ဒေသကွပ်ကဲရေးစစ်ဌာနချုပ်( ပြည်)နှင့် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်မြို့နယ်အတွင်းရှိ မုဌောကျေးရွာရှိ သုံးပန်လှလက်သည်းရေကန် ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ သရေခေတ္တရာပြတိုက်သို့လည်းကောင်း၊ သရေခေတ္တရာမြို့ရိုးအားလည်းကောင်း ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်နှင့် အဖွဲ့ဝင်များက Royal D (အအေး )၊ ရေသန့်နှင့် ပေါင်မုန့် အာဟာရများကျွေးမွေးခဲ့ကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)