ဖြူး မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် နွားမေထုန်မဲ့သားစပ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာစေရန်အတွက် ရည်ရွယ်၍ ဖြူးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့သားစပ်သင်တန်းကို မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတွင် နွားမေထုန်မဲ့သားစပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မေလ(၄)ရက်နေ့ ညနေပိုင်းက သင်တန်းပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မင်းဂံရိုးကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ သင်တန်းသား(၂၀)ဦးတက်ရောက်ပြီး (၂-၅-၂၀၂၆)ရက်နေ့မှ (၄-၅-၂၀၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးငြိမ်းအောင်နှင့်ဝန်ထမ်းများက စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းအပြီးတွင် ကျေးရွာအတွင်းရှိ နွားကောင်ရေ (၆၃)ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)