မင်းလှမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ငွေနှင့်ဆန်ရိက္ခာဖိုးပေးအပ်

မင်းလှ မေ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မိုးရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခံရသည့် အိမ်‌ထောင်စုဝင်များ လက်ဝယ်အရောက် ငွေနှင့်ဆန်ရိက္ခာဖိုးများ ပေးအပ်ခြင်းကို မေလ ၁ ရက် နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

အဆိုပါ‌ ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦး‌မျိုးတင့်ထူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌ကေသီမြင့်၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်တပ်ဖွဲ့၊ ကြက်‌ခြေနီတပ်ဖွဲ့တို့က လေဘေးသင့်ခံခဲ့ရသည့် သရော(အမ်)အုပ်စု၊ သစ်တူးအိုင်ကျေးရွာရှိ အမိုးလန်ပျက်ဆီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စု လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၂၀၀၀၀)ကျပ် စုစုပေါင်းငွေ (၁၂၀၀၀၀)ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)