ဆိပ်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(I2) အခမဲ့ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံများပြည်သူများ၏ အသားငါးဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ပိုင်တစ်နိုင်မွေးမြူခြင်းမှ အာဟာရပြည့်ဝသောအစားအစာများရရှိပြီး မိသားစုဝင်ငွေတိုးပွားစွာရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်သည်။ ၎င်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ဆောင်းဦးဝေနှင့်ဝန်ထမ်းများက ဒေသကြက်မွေးမြူထားရှိသည့် နေအိမ်များအားကွင်းဆင်း၍ အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး(I2) အခမဲ့ဆေးခပ်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)