အုတ်ဖို မေ ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များအမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းကုန်းအုပ်စု၊ အိမ်တိုင်ပုံကျေးရွာတွင် မူလတန်းကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၂) လုံး၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာတွင် ဘလူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးကာ အိမ်တိုင်ပုံကျေးရွာမှ နေအိမ် (၁) လုံးပြိုလဲပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုး (၂၆၈၂၀၀၀) ကျပ်အထိရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
အဆိုပါ လေဘေးသင့်နေအိမ်များမှ အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်ဆွေမျိုးသားချင်းများမှ နေထိုင်စားသောက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)