ပေါက်ခေါင်း မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်နီနီထွေးမှ ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ စီမံကိန်းရည်ရွယ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)