သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် မေ ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက စည်ပင်သာယာဈေးကြီးရှေ့၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက လျှပ်စစ်အန္တရာယ်သတိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မိသားစုလျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဓာတ်အားလိုင်းကြိုးများ၊ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ၊ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများလျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပါက ကိုင်တွယ်ခြင်းမပြုရ၊ လျှပ်စစ်ရုံးသို့အကြောင်းကြားပေးရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုအဝတ်အစားဝက်လျက်ကိုင်တွယ်ခြင်းမပြုရန်နှင့် တမံတလင်း၊ မြေပြင်ပေါ်၌ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရန်တို့ပါရှိသော လက်ကမ်းစာစောင်အား ဈေးရောင်းဈေးဝယ်ပြည်သူများအား ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)