မုံရွာ ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္တန်တောင်ကျေးရွာအနီးရှိ ဗောဓိတထောင်ဒေသအထူး စိမ်းလန်းစိုပြည်ရေး စီမံကိန်း ဒုတိယနှစ်ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း(၃၃၅၀၀)ပင်အား စုဆောင်း ထားရှိပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးလဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှသိရသည်။
ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြေရေး စီမံကိန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွား မည်ဖြစ်ရာ စီမံကိန်းပထမနှစ်အား ဆောင်ရွက်ပြိးဖြစ်ကြောင်းနှင့် စီမံကိန်း ပထမနှစ်အတွင်း အပင်ပေါင်း (၃၃၅၀၀)ပင်အား စိုက်ပျိုးပြိးဖြစ်ကြောင်း သိရသည်။
“ ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်းရဲ့ ပထမနှစ်မှာ ပျိုးပင်(၃၃၅၀၀)ပင် စိုက်ပြီးပြီ အဲဒိအပင်တွေ အခုနွေကာလကို ဖြတ်ကျော်နိုင်ဖို့ မြေဆွေးထည့်တာတွေ ရေလောင်းတာတွေလုပ်ပေး နေတယ်၊ အခု ဘဏ္ဍာရေးနှစ်မိုးရာသီမှာ အထူးစိမ်းလန်း စိုပြည်ရေးစီမံကိန်း ဧရိယာအတွင်းမှာ စိုက်မဲ့ပျိုးပင်တွေက အနိမ့်ဆုံး (၈)လက်မ ကနေ(၅)ပေအထက်ရှိတဲ့ ပျိုးပင်တွေကို စုဆောင်းထားရှိပြီးဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။
ပျိုးပင်များ စုဆောင်းထားရှိမှုအနေဖြင့် ပဲချယ်ရီ(၁၁၅၀၀)ပင်၊ ရှား(၂၂၀၀)ပင်၊ တမာ(၆၀၀၀)ပင်၊ မြန်မာ ကုက္က်ိုလ် (၆၀၀၀)ပင်၊ ကုလားကုက္ကိုလ်(၁၀၀၀)ပင်၊ ဖျောက်ဆိပ်(၆၀၀၀)ပင်၊ ပင်လယ်ကဗွီး (၅၀၀) ပင်နှင့် ဗောဓိညောင်(၃၀၀)ပင် တို့အား ဗောဓိတထောင်သာသနာ့နယ်မြေအတွင်းရှိ ပျိုးဥယျာဉ်၌ စုဆောင်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)