သံတောင်ကြီးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး

သံတောင်ကြီး မေ  ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၉)ရက်နေ့  နံနက် ၁၁ နာရီခွဲက တောင်ငူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး  အစည်းအဝေးခန်းမ၌   ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ   သံတောင်ကြီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးခင်မင်းက တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့်ပတ်သက်၍   ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး သံတောင်ကြီးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများကတစ်ဦးချင်းမိတ်ဆက်ခြင်း၊   တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးပြောကြား သည်။

ထို့နောက် သံတောင်ကြီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများကလုပ်ငန်းဆောင်ရွက်မှုများ၊  လိုအပ်ချက်များအား ဆွေးနွေးတင်ပြမှုအပေါ် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစန်းကို၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစော‌ဟေသားကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ထွန်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ