မြောင်းမြမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်

မြောင်းမြ  မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့သည် မြောင်းမြမြို့နယ်၊ မဲကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းကို မေလ ၉ ရက်နေ့ကဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုအစီအစဉ်တွင် မြောင်းမြပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာ ဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံမိဘ ပြည်သူများ၏ ကျန်းမာရေးဆိုင် ရာများကို အခမဲ့ကြည့်ရှုစစ်ဆေး ကုသပေးခဲ့ကြပြီး.လွှတ်တော်ကိုယ်စားလှယ်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများအခက်အခဲမရှိ၊ ဆေးကုသမှုခံယူနိုင်ရေးအတွက်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းမှာမြို့ပေါ်ရှိဆေးရုံကြီးများသို့ လာရောက်ရန်ခဲယဉ်းသည့် ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရန်နှင့် အရည်အသွေးရှိသော ဆေးကုသမှုများကို ကျေးလက်ဒေသအရောက်ရရှိခံစားနိုင် စေရန်ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်