လှိုင်းဘွဲ မေ ၁၀
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ထီလုံစံပြကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ကြမ်းခင်းများ ဟောင်းနွမ်းဆွေးမြေ့မှုနှင့် မူလတန်းကြိုကျောင်းတက်ရောက်မည့် ကလေးငယ်များလာမည့် ကျောင်းဖွင့်ရာသီ၌ ပိုမိုတတ်ရောက်နိုင်စေရေးအတွက်လိုအပ်သည့် အဆောက်အဦပြင်ဆင်သွားနိုင်ရေးအတွက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစာမွေ့နှင့်တာဝန်ရှိသူများက ယမန်နေ့နနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာရာဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့် ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများက ထီလုံစံပြကျေးရွာရှိ တိုက်နယ်ပြည်သူဆေးရုံအတွင်းအပြင်၌မသာမာသူလက်နက်ကိုင်လူစုတစ်ချို့၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ပျက်စီးယိုယွင်းနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် လိုအပ်သည့်အကြီးစား ပြန်လည်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်စေရေးအတွက် စနစ်တကျတွက်ချက်တင်ပြပေးသွားရန် လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)