မော်လမြိုင်ကျွန်းမြို့နယ်၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း   မေ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက  ဝဲဒေါင့်ကျေးရွာ ကွင်းအမှတ် (၁၁၆၈-ခ)၊ ဦးပိုင်အမှတ်(၁၀/၉)ရှိ တောင်သူဦး မြင့်ဇော်၏ လယ်မြေ ( ၃ ) ဧကတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းက  ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာ ထက်သန်စေပြီး သွင်းအားစု ဓာတ်မြေသြဇာလျှော့ချ သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များက ပိုက်ဆံလျှော် မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။ 

ရဲကိုမောင် (ပြန်/ဆက်)