ဒိုက်ဦး မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးခြင်းကို မေ ၈ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်း ဦးဆောင်မှုဖြင့် ဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာများမှ နွားမွေးမြူသူ တောင်သူ ၃၀ ဦး၊ မွေးမြူထားရှိသည့် ကျွဲ ၁၂၂ ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်းနှင့် နွား ၇၂ ကောင်အား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါများအကြောင်း မေထုန်မှ သားစပ်ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)