လူရည်ချွန်စခန်း(ချောင်းသာ)မှ အဆင့်မြင့်ပညာအဆင့် လူရည်ချွန် မောင်မယ်များ ကိုယ်ကာယ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းပြုလုပ်

ချောင်းသာ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာလူရည်ချွန်အပန်းဖြေ စခန်းသို့ ရောက်ရှိနေကြသည့် အဆင့်မြင့်ပညာအဆင့် လူရည်ချွန် မောင်မယ်များက ယနေ့နံနက်ပိုင်းတွင် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်လက်အပန်းပြေ‌စေရေးအတွက် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးလေ့ကျင်းခန်းများဆောင်ရွက်ရာတွင် လူရည်ချွန်ကြီးကြပ်ဆရာ၊ ဆရာမများ၊ ကာယနည်းပြဆရာ၊ ဆရာမများနှင့် အဆင့်မြင့်ပညာအဆင့်လူရည်ချွန်မောင်မယ် (၂၉၁) ဦးတို့သည် ကာယလေ့ကျင့်ခန်း အတွဲ (၁၊၂၊၃)နှင့် Fitness Dance၊ အကြောလျှော့ လေ့ကျင့်ခန်းများနှင့် အားကစားနည်းတို့ကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၎င်းအပြင် အဆင့်မြင့်ပညာအဆင့်လူရည်ချွန် မောင်မယ်များအား ဒေသန္တရဗဟုသုတ ရရှိစေရန်အတွက် ပုသိမ်မြို့သို့ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်ပြီး ည​နေပိုင်းတွင် ချောင်းသာ လူရည်ချွန်စခန်းသို့ ပြန်လည်ထွက်ခွာလာကာ ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဥ်များဖြင့် အပြန်အလှန် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန် / ဆက်)