ကမမောင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကမမောင်း မေ ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဖာပွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် (၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ညီညာအေးချမ်းရပ်ကွက်နှင့် အုန်းတော ကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးမှ လာရောက်ကြည့်ရှုပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရဲထက်အောင်နှင့်ဝန်ထမ်းများက ကျွဲ၊ နွား ကောင်ရေ (၂၀၀) အား ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ကြက်ကောင်ရေ (၈၀၀)အား ကြက်လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်းခပ်ပေးခြင်း၊ ဝက်ကောင်ရေ (၅၀)အား ဝက်ဝမ်းကျရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကမမောင်း(ပြန်/ဆက်)