တီးတိန်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းများ ဆောင်ရွက်ပေး

တီးတိန် မေ ၉

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ နိုင်ငံတော်အစိုးရသစ်လက်ထက်ရက် ၁၀၀ စီမံချက်ဖြင့် ယမန်နေ့က နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရသစ်လက်ထက်ရက် ၁၀၀ စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တီးတိန်ခရိုင်ဦးစီးမှူးဦးဆောင်ပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ မြို့မရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ရိုက်ကူးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)