၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ကျောင်းကုန်း  ဇန်နဝါရီ  ၁၆

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိ အောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ပုသိမ်ခရိုင်၊ကျောင်း ကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ယနေ့လူငယ်များ ဖုန်းတစ်လုံးနဲ့အချိန် ကုန်မခံဘဲ စာဖတ်ကြပါ၊ ဒေါက်တာ ဖေမြင့်နဲ့ ချစ်နိုင်(စိတ်ပညာ)စာအုပ်တွေဖတ်ကြပါဟု တိုက်တွန်းပြောကြားပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက လူ့ဘဝတစ်လျောက်လုံးမှာ ပညာရေးကိုမြှင့်တင်မှ ပညာတတ်များလာမယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးဟာ အဓိကဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အယ်သီဖော က ပုသိမ်ခရိုင်အဆင့်တွင် ဒုတိယရရှိသော မြို့နယ်ဖြစ်သ ဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အခမ်းအနားဖြစ်မြောက်အောင် ကူညီပေးသူအားလုံးနှင့်အလှူရှင်များကို ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားပြီး၊ (၅)ဘာသာဂုဏ်ထူး ရှင်(၅)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး ၊(၃) ဘာသာဂုဏ်ထူးရှင်(၂၂)ဦးတို့နှင့် အောင်ချက်အကောင်းဆုံး အ.ထ.ကကျောင်းများ၊ အထက(ခွဲ) ကျောင်း များနှင့်ကိုယ်ပိုင်ကျောင်းများအား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

ကိုဗစ်ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရသဖြင့် (၂) ဘာသာ ဂုဏ်ထူးရှင် (၁၁၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၃၈)ဦးတို့အား မြို့နယ်ပညာရေးမှူးရုံးတွင် ဂုဏ်ပြုဆုငွေများ လာရောက်ထုတ်ယူရမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)