ရေနံချောင်း ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ ဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်မှုလုပ်ငန်းစဉ်များ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာ တာဝန်ခံ ရွေးချယ်ရေးလုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စနစ်တကျ ရွေးချယ်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းနှင့် ဒုတိယဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး