ဓနုဖြူ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံနှံ့မှုမရှိစေရေး အတွက် အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြို့မဈေးအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ သည်။
အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ၊ ဈေးခုံတန်းများတွင် ရောင်းချနေသည့် ဈေးသည်များ အား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန် ထား သည့် စည်းကမ်းချက်နှင့်အညီ လိုက်နာမှုရှိစေ ရေး နှင့် ဈေးရောင်း၊ ဈေး ဝယ်ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်နိုင်ရေး အသိပညာပေး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)