စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက မိတ်ဆက်တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လေးပိုနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်မျာာ၊ မုံရွာခရိုင်/ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်လေးပိုက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ၂၀၂၆ ခုနှစ်အတွက် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၉)ချက်နှင့် အညွှန်းကိန်းအလိုက် ဆောင်ရွက်ရမည့်စာရင်းဇယား(၁၇)မျိုးကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့လိုကြောင်း၊ အမျိုးသမီးများ လူမှုစီးပွားဘဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ခံနိုင်ရည် မြင့်မားရေးနဲ့ ကျား၊ မရေးရာ တန်းတူညီမျှရေးကို ဦးတည်တဲ့ လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဒေသအဆင့်ဆင့်မှာရှိတဲ့အမျိုးသမီးများရဲ့ လုပ်ငန်းယန္တရားများ ခိုင်မာ အားကောင်းလာစေရေး စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အောက်မှာရှိတဲ့ အမျိုးသမီးရေးရာအဖွဲ့များအပြင် အမျိုးသမီးများ အားလုံးကလည်း ယခုထက်ပိုမိုပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီသီစိုးက မိတ်ဆက်
စကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနကြီးခေါင်းဆောင်များက မိတ်ဆက်စကားပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဒု-ဥက္ကဋ္ဌ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်၊ ဒေါ်မွှေးမွှေး၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဘဏ္ဍာရေးမှူး၊ ဒေါ်မြင့်မြင့်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ စီမံရေးရာလုပ်ငန်းများဆောင်ရွက်နေသော ရုံးအဖွဲ့ဒေါ်ဝင်းနန္ဒာထွန်းတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် အသီးသီးတင်ပြမှုများအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)