ထီးလင်း ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား တည်ဆောက်ခြင်း၊ သောက်သုံး/ စိုက်ပျိုးရေး ရရှိရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ထန်းပင်ကုန်း ကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ် တံတား(၁)စင်း အကောင်အထည်ဖော် တည်ဆောက် လျက်ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်(၁)မိုင် (၃)ဖာလုံ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ မြေနီကျောက်စရစ်လမ်းဖြစ်ကာ ယခုအခါ (၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး အဆိုပါကျေးလက်ကုန်ထုတ် လမ်းပေါ်တွင် အလျား ၁၅ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၆ ပေရှိ ကွန်ကရစ်တံတားမှာ တည်ဆောက်ဆဲဖြစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၃၆ ဒဿမ ၆) သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းကို ကျေးရွာ(၇)ရွာတွင် လည်းကောင်း၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာ(၂) ရွာ တွင် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)