မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၆
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ရွေးချယ်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မော်ရွှေဝါ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား ပူးပေါင်း ကူညီဆောင်ရွက်မည့် ဌာနဆိုင်ရာ အကြီးအကဲများအား လုပ်ငန်းစဉ် အဆင့်ဆင့် ရှင်းလင်းဆွေး နွေးခြင်းဆောင်ရွက်သည်။
ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်မည့် လုပ်ငန်းအဆင့်ဆင့်များ၊ ရွေးချယ်မည့်နေ့ရက်ကို ကြိုတင်အသိပေး ဖိတ်ကြားရေး လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အခြေခံရမည့် အိမ်ထောင်စုစာရင်းများ၊ အငြင်းပွားမှု ဖြေရှင်း ခြင်းများစသည့် ဥပဒေ၊ နည်းဥပဒေများအား စာရေးဝန်ထမ်းများကို တစ်ကြိမ်လျှင် (၃၀)ဦးဖြင့် (၄)ကြိမ်ခွဲ၍ Projector ဖြင့် သင်ကြားပို့ချခဲ့ပြီး Group အလိုက် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအောင် (ပြန်ဆက်)