လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ငွေနှင်းမှိုစနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းဆင်းနည်းပညာပေး

လှိုင်းဘွဲ         ဇန်နဝါရီလ  ၁၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် ပြည်သူများ စိုက်ပျိုးထားသော ငွေနှင်းမှိုစိုက်ပျိုးမှုကို စနစ်တကျ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အေးလင်းသာယာကွင်းတွင် တိုက်ပွဲရှောင် ပြည်သူများအနေဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မှိုစိုက်ပျိုးထုတ်လုပ်မှု သင်တန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ငွေနှင်းမှိုစိုက်ထုတ်များ ကိုယ်တိုင်ထုတ်လုပ် စိုက်ပျိုးလျက်ရှိရာ ငွေနှင်းမှိုစိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုး ထုတ်လုပ်နိုင်အတွက် စိုက်ပျိုးရေးဦးစီးဌာန ရွေဂွန်းကျေးရွာ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဦးစိုးမင်းထွန်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)