ကောလင်း ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ ကရာကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းညွန့်၊ ကွင်းအမှတ် ၂၀၀၁၊ ဦးပိုင် ၁၆၉ အတွင်း EMဘိုကာရှီသဘာ၀မြေသြဇာ ပြုလုပ် သုံးစွဲနည်း၊ သဘာ၀ပိုးသတ်ဆေး/ပိုးနှင့် ဆေးပြုလုပ်သုံးစွဲနည်းနှင့် မျိုးကောင်း မျိုးသန့်စပါးမျိုးများ၏ အမည်မှန်များ သိရှိစေရေးနည်းပညာပေး လက်တွေ့ကွင်းသရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်သော နည်ပညာပေးခြင်းဖြင့်အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမြင့်က Organic နည်းလမ်း အတိုင်း စိုက်ပျိုးထုတ်လုပ်သွားနိုင်ရေးအတွက် နည်းပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်သူဇာဌေးက ဓာတ်မြေသြဇာလျှော့ချသုံးစွဲရေးအတွက် သဘာ၀မြေသြဇာ များပြုလုပ်ရခြင်း မှာ မြေဆီလွှာအဟာရဓာတ်လျော့မသွားစေရေး၊ရှိရင်းစွဲပမာဏကိုထိမ်းထားနိုင်ရေးနှင့် မြေတွင်းအဟာရဓာတ်များ ရေရှည်တည်တံ့အောင် ပြုလုပ်ခြင်းဖြင့် နှစ်စဥ်တည်ငြိမ်သော သီးနှံအထွက်နှုန်းရရှိစေမည် ဖြစ်ကြောင်းကို လည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဇာခြည်ဦးမှ ပိုးမွှားရောဂါများ မကျရောက်စေရန် သဘာဝပိုးသတ်ဆေးများသုံး၍ ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်း ဖြစ်ပြီး၊ ကုန်ကျစရိတ်သက်သာ၊ အန္တရာယ်ကင်းပြီး လွယ်ကူသည့် မီးဖိုချောင်သုံးပစ္စည်းများအား သဘာ၀ပိုးသတ်ဆေးအဖြစ် အကျိုးရှိစွာသုံးစွဲနိုင်ရေး နည်းပညာပေးခြင်းအား လည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံဒေါ်ကြင်စန်းမှ မျိုးကောင်း၊မျိုးသန့်စပါးမျိုးများ၏ အမည်မှန် သိရှိစေရေး နည်းပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် EM ဘိုကာရှီသဘာ၀မြေသြဇာပြုလုပ်သုံးစွဲနည်း၊ သဘာ၀ပိုးသတ်ဆေး/ပိုးနှင် ဆေးပြုလုပ်သုံးစွဲ နည်း လက်တွေ့သရုပ်ပြ သဆောင်ရွက်ခြင်းအား စိုက်ပျိုးဝန်ထမ်းများနှင့် ဒေသခံတောင်သူးများမှ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ဝန်းထမ်းများ ဒေသခံ တောင်သူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)