မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်

အထက်မင်းလှ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိုက်စိုးဦးတို့က အမှာစကားများ အသီးသီးပြောကြားကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊  သင်တန်းကာလတွင် ပို့ချပေးသည့် သင်ခန်းစာများကို သင်ယူမှတ်သားကြစေလိုကြောင်းနှင့် သင်တန်းပြီးစီးပါကရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာက သင်တန်းသားများကို လျှပ်စစ်သံဂဟေဆက်  လက်တွေ့သင်ကြားခြင်းကို ၆-၅-၂၀၂၆ ရက်နေ့မှ ၅-၆-၂၀၂၆ ရက်နေ့အထိ (၁) လတိတိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းဖွင့်လှစ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာမှသင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)