မြန်အောင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း (၃၆၉,၁၃၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးခိုင်-၂ ထံမှ သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီတွင် နိုင်ငံပိုင် စီးပွားရေးကျွန်းစိုက်ခင်း၊ ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်း၊ သဘာဝတောတန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ ထိန်းသိမ်းခြင်း၊ ကျေးရွာအခြေပြု ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲ/ယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာ/တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေ စိုက်ပျိုးခြင်းတို့အတွက် ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း (၃၆၉,၁၃၀) ပင်ကို မြန်အောင်မြို့နယ်အတွင်းရှိ သစ်တောစခန်း (၆) ခုနှင့် နိုင်ငံပိုင်စီးပွားရေးကျွန်းစိုက်ခင်းများရှိ ပျိုးဥယျာဥ်များအတွင်း ပျိုးထောင်ပြုစုထားရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)