ကသာ မေ ၆
ကသာမြို့အတွင်းမှ အခြားအရပ်ဒေသများသို့ ယာယီတိုက်ပွဲရှောင်ထွက်ခွာသွားကြသော ပြည်သူများအနေဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လျက်ရှိရာလုံခြုံရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာေသာ ပြည်သူများအား ကသာမြို့ကမ်းနားလမ်းဂိတ်၊ သဖန်းကိုင်း ဂိတ်နှင့်ပတ္တမြားမြို့ဝင်ဂိတ်များဖွင့်လှစ်၍ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ လမ်းပိုင်းအချို့ဖွင့်လှစ်နိုင်သောကြောင့် စားသောက်ကုန်များဝင်ရောက်လာပြီး စားသောက်ကုန် ကုန်ဈေးနှုန်းများ ကျဆင်းလာပြီး မြို့အတွင်းစည်ကားလာသည့်အတွက် ဒေသခံပြည်သူများ စိတ်အေးချမ်းလျက်ရှိကြသည်ကိုတွေ့မြင်ရပါသည်။
ကသာမြို့အတွင်းသို့ ဧပြီလ(၆)ရက်နေ့မှ မေလ (၅)ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ (၃၃၅၁)ဦးခန့်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရှိရသည်။
ကျော်စွာ(ကသာ)