တမူး မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။
ဦးစွာ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းများကို နိုင်ငံတော်မှအတည်ပြု ပြဋ္ဌာန်းထားသည့် စီမံကိန်းဥပဒေနှင့်အညီ ကဏ္ဍအလိုက်၊ ဒေသအလိုက်၊ စီမံကိန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ဌာနများအနေဖြင့် မိမိတို့ဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ယခုချမှတ်ပေးထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို လုပ်ငန်းအရည်အသွေး ပြည့်မီစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်မြင်စေရေးကို စုပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းနွယ်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ နှင့်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းအပေါ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်များကို ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)